Tuesday, July 29, 2014

လက်တစ်ကမ်းက အန္တရာယ်

Tuesday, July 29, 2014 09:31(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)

 ဆေးလိပ်သောက်ခြင်း အလေ့အကျင့် စတင်မှုသည် အများအားဖြင့် လူပျိုဖော်၊ အပျိုဖော် ဝင်ခါစအရွယ်တွင် စမ်းသပ်ကြည့်လိုသည့် အာသီသ တစ်ခု ဖြစ်သည်။

ထိုအရွယ်တွင် မိသားစု အတွင်း၌ လည်းကောင်း၊ နေ့စဉ် ထိတွေ့ဆက်ဆံရသည့် ပတ်ဝန်းကျင်၌ လည်းကောင်း ဆေးလိပ်သောက်သူများ ရှိပါက ဆေးလိပ် သောက်ဖြစ်မည်မှာ သေချာသလောက် ဖြစ်သည်။ မြန်မာလူမျိုးများ ဆေးလိပ် သောက်သုံးသည့် ဓလေ့ မည်သည့်ကာလတွင် စတင်ခဲ့သည်ကို မသိရသော်လည်း ရှေးဘုရင်ခေတ်များကပင် ဆေးလိပ် သောက်သုံးမှု ရှိခဲ့ကြောင်း ရုပ်ပုံကားချပ်များ၌ တွေ့မြင်ရ သည်။ ရှေးက ဆေးလိပ်သောက်သုံး သူများသည် မိမိနေအိမ်တွင် လက်ဖြစ် ဆေးလိပ်များ ပြုလုပ်၍ သောက်သုံးခဲ့သလို ဤဓလေ့ကို ယခုတိုင် ကျေးလက် တောနယ် အချို့တွင် တွေ့မြင်ရလျက် ရှိသည်။

မြန်မာလူမျိုးတို့ သောက်သုံးသည့် ဆေးလိပ်တွင် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ စီးကရက်၊ ပွတ်ချွန်း၊ ဝါးပြောင်းဖြင့် ရှူခြင်းများ ပါရှိလေသည်။ ထို့အပြင် ဆေးရွက်ကြီး သို့မဟုတ် ဆေးပြင်းလိပ်ကို ကိုက်ဖဲ့၍ ငုံသည့်ဓလေ့ကိုလည်း တွေ့ရသည်။ ဆေးလိပ်သောက်သည် ဖြစ်စေ၊ ဆေးရွက်ကြီး ငုံသည်ဖြစ်စေ ဆိုးကျိုးခြင်း အတူတူဖြစ်သည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့် ဆေးလိပ်သောက်သုံးလျက် ရှိပြီး အမျိုးသမီး သန်း ၂ဝဝ အပါအဝင် ဖြစ်ကြောင်း သိရသည်။

ပွတ်ချွန်းသောက်ခြင်းသည် အိမ်နီးချင်း နိုင်ငံတစ်ခုမှ ကူးစက်လာသည့် ဓလေ့တစ်ခု ဖြစ်သည်။ အနေတော် ဖြတ်ထားသည့် သတင်းစာ စာရွက် သို့မဟုတ် စက္ကူရွက် အတွင်းသို့ ဆေးမှုန့်ထည့်ကာ လက်ဖြင့် ကတော့ ပုံသဏ္ဌာန် လိပ်ထားသည့် ဆေးလိပ်ဖြစ်သည်။ စက္ကူရွက် အစား ဖက်ကို အသုံးပြုသည်ကိုလည်း တွေ့နိုင်ပြီး ၎င်းဖက်လိပ်ပွတ်ချွန်းကို (ဘီဒီ)ဟု ခေါ်ကြောင်း သိရသည်။

စက္ကူပွတ်ချွန်းကိုကျေးလက်တောနယ်၊ အစွန်အဖျား ဒေသများတွင် အသုံးများပြီး ဘီဒီပွတ်ချွန်းကို မြို့ကြီးများတွင် ဝယ်ယူရရှိနိုင်သည်။ ပွတ်ချွန်းဟူသည် တစ်နည်းအားဖြင့် လက်ဖြစ် စီးကရက် တစ်မျိုးဖြစ်ပြီး အခြားဆေးလိပ်များထက် ပိုမို အန္တရာယ် ရှိသည်မှာ ရှူရှိုက်စဉ် ဆေးမှုန့်များ လည်ချောင်းတွင်း ကပ်ငြိ၍ ချောင်းဆိုးသွေးပါခြင်း ဖြစ်သည်။ ဝါးပြောင်းရှူခြင်းသည်လည်း ပွတ်ချွန်းကဲ့သို့ အိမ်နီးချင်း နိုင်ငံတစ်ခုမှ ကူးစက်ခဲ့ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အသုံးများသည်။ အချင်း သုံးလက်မခန့်၊ အရှည် နှစ်ပေခန့်ရှိ တစ်ဖက်ပိတ် အဆစ်ဖောက် ဝါးပြောင်းကို ခါးလယ်မှ လက်တံထုတ်၍ ၎င်းလက်တံထိပ်တွင် မီးညှိထားသည့် စီးကရက်ထောင်ကာ ဝါးပြောင်း၏ ဖွင့်ထားသည့်ဘက်မှ ပါးစပ်ဖြင့် စုပ်ရှူခြင်း ဖြစ်သည်။

ဝါးပြောင်းအတွင်း ရေတစ်ဝက်ခန့် ရှိပြီး ၎င်းရေကို ဖြတ်ကာ စီးကရက် မီးခိုးများ ပါးစပ်အတွင်းသို့ ရောက်လေသည်။ ပါးစပ်ဖြင့် ရှူ၍ နှာခေါင်းဖြင့် ထုတ်ခြင်း ဖြစ်ပြီး စီးကရက်မီးခိုးများ ရေတွင် ဖြတ်သန်းခဲ့သည် ဖြစ်၍ နီကိုတင်းခေါ် အဆိပ်ငွေ့များ ရေတွင် ကျန်ရှိသဖြင့် အဆုတ် ထိခိုက်မှု နည်းကြောင်း ရှူရှိုက်သူများက အကြောင်းပြကြလေသည်။ ဝါးပြောင်းရှူခြင်းသည်လည်း ဆေးလိပ်သောက်ခြင်း တစ်မျိုးသာ ဖြစ်၍ ဆိုးကျိုးခြင်း မကွာခြားပါပေ။

မှတ်တမ်းတစ်ခုအရ တရုတ်နိုင်ငံတွင် လူသုံးဦးလျှင် တစ်ဦး ဆေးလိပ်သောက်ကြောင်း သိရသဖြင့် တရုတ်နိုင်ငံသား သုံးပုံတစ်ပုံ ဆေးလိပ်သောက်လျက် ရှိသည်။

တစ်နည်းအားဖြင့် တရုတ်နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံ ဖြစ်သည့် သန်းပေါင်း ၄၅ဝ ခန့် ဆေးလိပ်သောက်သုံးလျက် ရှိကြပေရာ မြန်မာနိုင်ငံ လူဦးရေ၏ ခုနစ်ဆကျော် ဆေးလိပ် သောက်သုံးလျက် ရှိသည်။ ထိုကဲ့သို့ ဆေးလိပ် သောက်သုံးသူများတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါမည်ဖြစ်သည်။ ဆေးလိပ်သောက်သည့် မိဘများ၊ ဆေးလိပ်သောက်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းရသည့် ကလေးများသည် အတုမြင် အတတ်သင်ကြမည်သာဖြစ်သည်။

ဆေးလိပ်သောက်သည့် ကလေးကို ဆေးလိပ်သောက်သည့် မိဘက ထိရောက်စွာ တားမြစ်မည် မဟုတ်သလို ဆေးလိပ်မကောင်းကြောင်း ပညာပေးမည်လည်း မဟုတ်ပေ။ ဆေးလိပ်သောက်သူများ အကြား ကြီးပြင်းရသည့် ကလေးငယ်သည် မီးခြစ် ရှာခိုင်းခြင်း၊ မီးညှိခိုင်းခြင်းမှ အစပြု၍ ကိုယ်တိုင်စမ်းသပ် ကြည့်လိုမှု အဆုံးတွင် ဆေးလိပ်သောက်သူ ဖြစ်ပေတော့သည်။ ထို့ကြောင့် မိဘများ အနေဖြင့် ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိထားခဲ့ပါလျှင် မိမိကိုယ်၌ သာမက သားသမီးများကိုပါ အမွေဆိုးများ မပေးမိစေရန် သတိပြုသင့်ပေသည်။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖဟူသကဲ့သို့ပင်။

စာသင်ကျောင်း အချို့၌ ဆေးလိပ် ကင်းစင်ကျောင်း၊ ဆေးလိပ်ကင်းစင်နယ်မြေ ဟူသည့် စာသားအချို့ တွေ့ရသည်။ တစ်လောက TV တွေ့ဆုံခန်း တစ်ခုတွင် ကျောင်းမျက်နှာစာ ကိုက် ၁ဝဝ အတွင်း ဆေးလိပ် မရောင်းရန် အမိန့်ထုတ်ထားကြောင်း ကြားရသည်။

ကျောင်းသားအရွယ်သည် အတုမြင်အတတ်သင်ကာ လက်တည့်စမ်း လိုကြသည့် အရွယ်ဖြစ်သည်။

ဆေးလိပ်သောက်သုံးမှု အခြေခံ ရှိသွားပါက ငယ်စဉ်မှစ၍ ဆေးလိပ် သောက်သူများ ဖြစ်ပေရော့မည်။

လူတို့၏စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်ပေရာ တစ်ဦးမှစ၍ အခြား သူငယ်ချင်းများလည်း ပါလာပေမည်။ ဦးနှောက်ကြည်လင် သန့်ရှင်းစွာဖြင့် ဉာဏ်ရည် တက်နေချိန်တွင် ဆေးလိပ်မှိုင်းများ စွဲသွားပါက သင်ကြားသည့် ပညာကို ဖတ်ရန်၊ မှတ်ရန် အားနည်းပေမည်။

မူလဉာဏ်ရည်မြင့်သော သူများ ဖြစ်လင့်ကစား ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဉာဏ်ရည်အဆင့် နိမ့်ကျကာ ရောဂါများလည်း စွဲကပ်လာမည်သာ ဖြစ်သည်။

တကယ်တမ်း ဆန်းစစ်လျှင် ဆေးလိပ်ဟူသည် မူးယစ်ဆေးဝါး တစ်မျိုးသာဖြစ်သည်။ ဆေးလိပ်တွင် ပါရှိသည့် နီကိုတင်းဓာတ်သည် ဘိန်းကဲ့သို့ လေးလံ ထိုင်းမှိုင်းပြီး စွဲလမ်းမှုကို ဖြစ်စေသည်။ ထို့ကြောင့် မသိမသာ သောက်သုံးရာမှ သိသိသာသာ စွဲလမ်းသည့် အဖြစ်သို့ ရောက်ခဲ့ သည်။ ဆေးလိပ် သောက် သုံးမှုကြောင့် အဆုတ်ထိခိုက်၍ အမောမခံနိုင်ခြင်း၊ တီဘီရောဂါ ဖြစ်ပွားခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းများ မှ အရွယ်ငယ်ငယ်ဖြင့် အသက် သေဆုံး ရပေမည်။

အထူးသဖြင့် သန့်ရှင်းမှု မရှိသော၊ စနစ်တကျ ထုတ်လုပ်ထားခြင်း မရှိသော ဆေးလိပ်များကို သောက်သုံးခြင်းဖြင့် နဂိုမူလ မရှိခဲ့သည့် ရောဂါ အသစ်များ ကို မိမိကိုယ်တိုင် ဖိတ်ခေါ်သကဲ့သို့သာ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်၏ အခြေခံ လူသား အရင်းအမြစ်များ ဖြစ်သည့် ကျောင်းသားထုအတွင်း ဆေးလိပ် သောက်သုံးခြင်း ဓလေ့ စွဲကပ်ခြင်း မရှိရလေအောင် ပညာပေးခြင်း နည်းလမ်းသာမက အုပ်ချုပ်မှုကြောင်း အရပါ နည်းလမ်း ရှာဖွေသင့်သည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီး၌ပါ လူစည်ကားရာ အရပ်များ၊ ဌာနဆိုင်ရာများ၌ ဆေးလိပ်သောက်ရန် ဧရိယာ သတ်မှတ်ပေးမှုများရှိကြောင်း တွေ့ရသည်။ ဆေးလိပ်သည် ကိုယ်တိုင် သောက်သုံးသူအတွက် သာမက တစ်ဆင့်ခံ ရှူရှိုက်မိသူအတွက်လည်း ဆတူဆိုးကျိုးကို ခံစားရမည်သာဖြစ်သည်။ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်နိုင်ရန် လှုပ်ရှားမှု အဖြစ် အားကစား ပြိုင်ပွဲ ပြုလုပ်မှုများ ပိုမိုများပြားလာကြောင်း တွေ့ရသည်။ အားကစား ပြိုင်ပွဲများ၏ ရည်မှန်းချက်မှာ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ ပေါ်ထွက်လာရေး၊ ကျန်းမာသော လူနေမှုပုံစံဖြင့် ကြံ့ခိုင် သန်စွမ်းအောင် လေ့ကျင့်ပေးရေး ဖြစ်သည်။ အားကစားသမား ဟူသည် သက်လုံကောင်းရန် လိုသည်။ သက်လုံကောင်းရန် အတွက် အဆုတ်အား ကောင်းရမည်၊ အဆုတ်အား ကောင်းရန် အတွက် အဆုတ်ကို အန္တရာယ်ပေးမည့် ဆေးလိပ်နှင့် ကင်းမှဖြစ်ပေမည်။ ကျန်းမာမှ အလုပ်လုပ်နိုင် မည်ဖြစ်သလို ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပေမည်။

၂ဝ၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပြဋ္ဌာန်းချက် အရ ဧပြီ ၁ ရက်မှစ၍ စီးကရက် အခွန်ကို ၁ဝဝ ရာခိုင်နှုန်း ဆေးရွက်ကြီး၊ ပေါင်းတင်ပြီး ဗာဂျီးနီးယားဆေး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ဆေးတံတို့ကို ၅ဝ ရာခိုင်နှုန်း အခွန်စည်းကြပ်တော့မည် ဖြစ်ကြောင်း သိရသည်။ ဆေးလိပ်အခွန် စည်းကြပ်လျှင် ဆေးလိပ်ဈေးနှုန်း များလည်း မြင့်တက်လာမည် ဖြစ်သည်။ ဆေးလိပ် တန်ဖိုး ကြီးမြင့်ချိန်တွင် ဆေးလိပ် မဖြတ်နိုင်မှုကြောင့် ဈေးပေါပေါနှင့် ရနိုင်သည့်ဆေးလိပ် များကို သောက်သုံးရာမှ ကျန်းမာရေး ပြဿနာများ ပိုလာမည်မှာ ဆန့်ကျင်ဘက်တို့ ဒွန်တွဲနေသည့် သဘောတရားများပင် ဖြစ်သည်။ ဆေးလိပ် အခွန်မြှင့်တင်ခြင်းနှင့် အတူ ဆေးရိုး၊ ဆေးရွက် စသည့် ဆေးလိပ် ကုန်ကြမ်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည့် တောင်သူများ၊ ဆေးလိပ်ခုံ လုပ်သားများအတွက် အစားထိုး လုပ်ငန်းများကို ဟန်ချက်ညီ ဖန်တီးပေးရမည်ဖြစ်သည်။

တစ်ဖက်တွင် ဆေးလိပ်၏ ဆိုးကျိုးများ ဆိုင်ရာ ဟောပြောပွဲများ၊ စကားရည်လုပွဲများ၊ ပညာပေးဇာတ်လမ်းတိုများ၊ အကြီးအကဲများ ကိုယ်တိုင် ပါဝင်ဆွေးနွေးသည့် အင်တာဗျူး၊ သတင်းစာ၊ ဂျာနယ်များ၏ ခေါင်းစီးတွင် ဆေးလိပ်အန္တရာယ် ဖော်ပြသည့် ပညာပေး စာတန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဆေးလိပ်နှင့် စီးကရက်ကြော်ငြာများ လုံးဝ ခွင့်မပြုခြင်း၊ ဆေးလိပ်သောက်သုံး ရန် နေရာ၊ ဆေးလိပ် သောက်သုံးခွင့်ပြု သည့် အသက်အရွယ်များ ပါရှိသည့် တစ်ဦးချင်း ဆေးလိပ် သောက်သုံးခွင့် လိုင်စင်များ ထုတ်ပေး၍ စစ်ဆေးခြင်း ကိုလည်း ကြပ်ကြပ် မတ်မတ် ဆောင်ရွက်သွားသင့်သည်။

ဆေးလိပ်ဖြတ်ကြသည့် နည်းအမျိုးမျိုး ရှိသည်။ တချို့က ဆေးလိပ် အစားထိုး အဖြစ် ကွမ်းစားခြင်း၊ ပီကေဝါးခြင်းတို့ကို ပြောင်းလဲပြုလုပ်သည်။ အနောက်နိုင်ငံများတွင် လျှပ်စစ်ဆေးလိပ်ဟု ခေါ်သည့် ဆေးလိပ်အတုကိုအာသာပြေ ရှိုက်ဖွာကြောင်း တွေ့ရပြီး ရောင်း အားကောင်းစေရန် ကြော်ငြာများ ထည့်သွင်း ဖော်ပြကြသည်။

မကြာသေးမီ ကြားသိရသည့် သတင်းတစ်ပုဒ်အရ ဆေးလိပ် အစားထိုး E- စီးကရက် အရောင်းဆိုင်အား မြရိပ်ညို ဟိုတယ်ဝင်းတွင် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ E- စီးကရက် သောက်သုံးခြင်းအား အင်္ဂလိပ်ဘာသာဖြင့် Vaping ဟုခေါ်ကြောင်း သိရသည်။ မိမိစိတ်က ပြတ်လျှင် ပြတ်မည်သာဖြစ်သည်။မိမိစိတ်ကို မနိုင်လျှင် ဘာနှင့်ဖြတ်ဖြတ် ပြတ်မည် မဟုတ်ပေ။ ပတ်ဝန်းကျင်ကြောင့်၊ လူမှုရေးအရ၊ တစ်ခါတစ်ရံ ချင်ခြင်းတက်ခြင်း ဆိုသည်များသည် ဆင်ခြေများ ဖြစ်သည်။

သို့ဖြစ်ပါ၍ ဆေးလိပ် အမှန်တကယ် ဖြတ်လိုပါလျှင် ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ချမှတ်ပြီး မိမိစိတ်ကို နိုင်အောင် ထိန်းရန်ဖြစ်သည်။ လျှော့သောက်ခြင်း၊ မျှဉ်း၍ ဖြတ်ခြင်းများသည် မိမိစိတ်ကို မနိုင်သေးကြောင်း ဖော်ပြလျက်ရှိသည်။ မိမိစိတ်ကို မနိုင်သူသည် တိုးတက်နိုင်ပါမည်လား၊ ကြီးမြင့်နိုင်ပါမည်လား ဆိုသည်မှာ အထူးပြောစရာ လိုမည် မထင်ပေ။ မျက်မှောက်ကာလတွင် ဖြစ်စေ၊

အနာဂတ် ကာလအတွက် ဖြစ်စေ ဦးဆောင်ဦးရွက် ပြုလိုသူများသည် ဆေးလိပ်၏ ဆိုးကျိုးများကို ဆင်ခြင်သုံးသပ်ကာ လူ့ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်တော့သည့် ဆေးလိပ်သောက်ခြင်း ဓလေ့ကို အမြန်ဆုံး ပယ်သတ်သင့်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ-၂ သူရဦးအေးမြင့်သို့ အိတ်ဖွင့်ပေးစာ – ချင်းတွင်းချစ်ဆန်း

15 February 2014 04:00(+0630) (လွန်ခဲ့သော 6-လ ခန့်က)


    ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေ ကလည်း နိုင်ငံခြား မှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ယခုတွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း၊ ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ . . .

မျိုသိပ်ကြိတ်ခဲ မရနိုင်လို့ ဒီစာကို ပေးပို့ရပါတယ် သူရဦးအေးမြင့် ခင်ဗျား။ ၂၈-၁၁-၂၀၁၃ နေ့က လူကြီးမင်း ရောက်ရှိပြီး မိန့်ခွန်း ခြွေသွားခဲ့ပုံနှင့် ပတ်သက်လို့ မင်းကင်းမြို့နယ်က ပြည်သူ လူထုတွေ ထဲမှာ တော်တော်လေး ကြိတ်မနိုင် ခဲမရဖြစ်ပြီး ကျန်ခဲ့ပါတယ်။ လူကြီးမင်းဟာ အာဏာရပါတီကြီးရဲ့ ဒုတိယ ဥက္ကဋ္ဌ-၂လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးလည်း ဖြစ်ပါလျက်နဲ့ မိန့်ခွန်းခြွေတဲ့နေရာမှာ သတိတရားမှားယွင်း ချွတ်ချော်၊ မတော်မတရား စော်ကားတဲ့စကားတွေ လူကြီးမင်းရဲ့ နှုတ်တော်က ထွက်ရက်ပေတယ်ဗျာ။ ဗိုလ်သင်တန်းလည်း တက်ခဲ့ပြီးသား၊ တပ်မတော်မှာကော အစိုးရအဖွဲ့မှာပါ အဆင့်မြင့် ၀န်ကြီးအဆင့် ထမ်းရွက် ခဲ့ဖူးသူမို့ ကျွန်တော်တို့ကတော့ လေးစား တန်ဖိုးထားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ကို လူကြီးမင်းရဲ့ မဲဆန္ဒနယ်မဟုတ်ဘဲ ရောက်ရှိ လာခဲ့ပြီးတော့ ကျေးရွာ အုပ်စု တော်တော်များများကို လှည့်လည်ပြီး မိန့်ခွန်းတော် ခြွေခဲ့ကြောင်း သတင်းများ ရရှိခဲ့ပါသည်။ သြော် . . . သူလည်း တရားဝင် နိုင်ငံရေးပါတီက ပုဂ္ဂိုလ်ပေပဲ။ ဟောပေ ပြောပေမှာပေါ့လို့ သဘောရပါတယ်။ ကန့်လည်း မကန့်ကွက်ပါဘူး။ နိုင်ငံရေး သမားများရဲ့ ပိုင်ခွင့်ဖြစ်လို့ပါ။ …

ဒါပေမဲ့ လူကြီးမင်းရဲ့စကားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေက လည်း နိုင်ငံခြားမှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲ ကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း၊ ယခု တွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ကြောင်းကိုပင် တပ်မတော်မှာ တာဝန်ထမ်းခဲ့ဖူးသူ လူကြီးမင်းက နိုင်ငံရေး ငရဲကြီးမှာစိုးလို့ ထည့်သွင်း ပြောဆိုသွားခဲ့ရသော်လည်း ရင်တွင်းဖြစ် အစစ်မဟုတ်မှန်း ကောင်းကောင်းကြီး ခံစား နားလည်မိပါ တယ်။ ဒေါ်စုဟာ မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့ဖူးသူ မဟုတ်ကြောင်း ပြောတာက ဗဟုသုတ အလွန်နည်းပါး လှချည်လားလို့၊ ဒီလိုပုဂ္ဂိုလ်မျိုး ဘယ်လိုလုပ်ပြီး အစိုးရအဖွဲ့မှာ ၀န်ကြီး ရာထူး ရခဲ့တာလဲလို့ အံ့သြမိပါတယ်။ လူကြီးမင်းတို့က မြက်ပင်တို့၊ ကြက်ဆူပင်တို့ စိုက်တာကို အမျိုးသားရေး တာဝန်ကြီးအဖြစ် သဘောထားနေကြပေမယ့် တစ်နိုင်ငံလုံးက ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ ပြည်သူတွေရဲ့ အိတ်ကပ်ထဲက သားသား မီးမီးတို့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် သုံးရမယ့် ငွေကြေးတွေ သဒ္ဓါမဲ့စွာ အဓမ္မသုံးခဲ့ရလို့ မေတ္တာတော်ပေးပို့ကြတာ မရရှိကြဖူးထင်ပါ့ . . .။

ဒေါ်စုဟာ လူကြီးမင်းပြောသလို မြက်တစ်ပင်စိုက်ခဲ့သူ ဟုတ် မဟုတ် မသိပေမယ့် နိုင်ငံတော် တစ်ဝန်းလုံး အတွက် ပညာရေး ပဒေသာပင်၊ ကျန်းမာရေး ပဒေသာပင်၊ ငြိမ်းချမ်းရေး ပဒေသာပင်သာမက ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရား ဥပဒေ စိုးမိုးရေးဆိုတဲ့ ရာသက်ပန် သီးပင်စားပင်တွေ စိုက်နေတာ ပညာရှိတို့ အသိအမြင်ပါဗျာ။

လူကြီးမင်းရဲ့ မိန့်ခွန်းတော်မှာ ဒေါ်စုဟာ စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ပြောတာကြီးက လူရယ်စရာ။ စစ်တိုက်တာ တစ်ခုတည်း နိုင်ငံအကျိုးပြု တာဝန် မဟုတ်ပါ။ ဒေါ်စုရဲ့ မိန့်ခွန်းတွေထဲမှာ အလျဉ်းသင့်ရင် ရှေ့တန်းက ရဲဘော်တွေဆီ သွားချင်တယ် ဆိုတာ ပြောခဲ့ပြီးသား။ စစ်ပွဲမှာတိုက်လို့ ကျည်သင့်ပြီး သူရဘွဲ့ မရခဲ့တဲ့ မှတ်တမ်းမ၀င် အာဇာနည် စစ်သည်တွေကိုလည်း အားနာသင့်ကြောင်းတော့ တစ်ချက် ပြောပါရစေ။ လူကြီးမင်းတို့ရဲ့ တရားပွဲတွေက ယောရောရှိ တော်တော် လုပ်တယ်နော်။ တွေ့ဆုံပွဲ ဆိုတဲ့ ဆိုင်းဘုတ်ကြီး ချိတ်ပြီး တိုင်းဒေသကြီး ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးထိုင်ပြီးလုပ်တဲ့ အခါကျတော့ . . . တောကလူတွေ မသိလောက်ဘူး ဆိုပြီးပါဝါတွေ၊ အာဏာတွေထည့်ပြီး လုပ်ခဲ့ကြတာလေ။ လူကြီးမင်းတို့ပါတီက ပုဂ္ဂိုလ်များကိုတော့ ထားပါတော့။ လူကြီးမင်းတို့နဲ့ တစ်တန်းတည်း ထိုင်တဲ့ ၀န်ကြီးတွေ တည်ဆဲ ဥပဒေနဲ့ ငြိစွန်းအောင် လုပ်တာလား၊ မသက်သာလို့ လိုက်ပါလာခဲ့ကြတဲ့ ဌာနဆိုင်ရာ လူကြီးမင်းတွေ နေမထိ ထိုင်မသာ ဖြစ်အောင် တမင်လုပ်တာလားလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု လုပ်နေခြင်းကို ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌကြီး ကိုယ်တိုင် တားမြစ် အရေးယူ သင့်နေပါပြီ။

အဲဒီလို အနှစ်မရှိ အဆန်မပါ စကားတွေနဲ့ တောနယ်ကို အပြောကြွယ်မယ့်အစား မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း အတွင်းက မင်းကင်းမြို့ငယ်လေး(ယနေ့ ကမ္ဘာမှာ ထင်ရှား ချမ်းသာကြွယ်ဝတဲ့ စင်ကာပူ နိုင်ငံထက် ခုနစ်ဆ နီးပါး ပိုကျယ်ပြန့်ပြီး နိုင်ငံတော်အပေါ် တာဝန်တွေ ကျေပွန်စွာ နိုင်ငံခြားငွေတွေ ရှာပေးနေတဲ့) မင်းကင်း မြို့နယ်မှာ-

- ကျန်းမာရေးဆရာဝန် သုံးယောက်တည်းရှိတာ

- ၂၅ ခုတင်ဆံ့ ဆေးရုံ ယနေ့ထိ တစ်လုံးမှ မရသေးတာ

- တစ်နေ့မှာ ၂၄ နာရီရှိပါလျက် လျှပ်စစ်မီး ၁ နာရီ ၄၅ မိနစ်သာ လင်းနေရတာ

- လျှပ်စစ်မီးလင်းရေး ကိုယ်ထူကိုယ်ထ ကြိုးစားနေရမှု မနိုင်ဝန်ဖြစ်နေတာ အထင်းသားကြီးကို မမြင်ချင်ယောင် ဆောင်နေကြတာ

- မြို့နယ်ချင်းဆက်လမ်း ယနေ့ထိ မအောင်မြင်သေးတာ (ဒါပေမဲ့ ၂၀၀၂ မြန်မာနိုင်ငံမြေပုံမှာတော့ ကနီ-မင်းကင်းလမ်းကို ရာသီမရွေး သုံးနိုင်သောလမ်းတဲ့) ဘယ်သူတွေက နိုင်ငံတော်ကို လိမ်သွားလဲ မသိပါဘူး။ ၁၅၂၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ၁၈၈ ရွာရှိတဲ့ မြို့နယ်မှာ ရွာချင်းဆက်လမ်းဆိုတာ ပေါက်တူး၊ ပေါက်ပြားနဲ့ ဖောက်ထားရတာဗျို့

- မင်းကင်းမြို့နယ်ကို တာဝန်ကျတဲ့ ၀န်ထမ်းတွေဟာ ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ လေယာဉ် ခရီးစဉ်မရှိ တစ်ခုတည်းသော ချင်းတွင်းမြစ် ရေလမ်းကလည်း ၁ နှစ်မှာ ၆ လ အများဆုံး သွားတဲ့ ရေကြောင်း ပို့ဆောင်ရေး သင်္ဘော ကလည်း မကြာခဏ သောင်တင်တတ်၊ ပျက်တတ်မို့လို့ ကမ္ဘာမှာ စီးနင်းခ ဈေးနှုန်း အကြီးဆုံး အမြန် ရေယာဉ်များကိုသာ အားကိုးနေကြ ရပါတယ်။ ၄၃ မိုင် ခရီးကို လေးထောင်ကျပ်ပေးရတာ ဆိုတော့ ဂင်းနစ်စာရင်း ၀င်လောက် ပါတယ်။ အဲ …ဒါပေမဲ့ မင်းကင်းမြို့က ၀န်ထမ်းတွေ ရှားပါးစရိတ် ခံစားခွင့် မရကြ ဘူးဗျာ။

အဲဒါတွေ အဲဒါတွေ အကျိုးဆောင်ဖို့၊ ရရှိအောင် တောင်းပေးဖို့တော့ မပြောဘဲ အင်တာနေရှင်နယ် နိုင်ငံရေး ခေါင်းဆောင်ကြီးကို အရပ်ချင်းလာပြီး တိုင်းကြည့်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ ယှဉ်ပြိုင်ပြီး အရွေးခံဝံ့ကြောင်း ပြောကြားခဲ့တာကိုတော့ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းဆိုတာလို အင်တာနေရှင်နယ် အဆင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးနဲ့ လူကြီးမင်းက ယှဉ်ပြိုင်ရဲပါတယ်လို့ အဆိုပြုသွား ခဲ့ပါတယ်။ ဒေါ်စုနဲ့ ယှဉ်ပြိုင်ဖို့ လူကြီးမင်းတို့ ပါတီမှာ အဆင့်မီနိုင်ငံရေး ဆရာကြီးတွေ ရှိပါလိမ့်မယ်။ သူတို့ အတွက် ထားလိုက်ပါ။

ကြံ့ခိုင်ဖွံ့ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌကြီးခင်ဗျား .. ဒေါ်စုနဲ့ မယှဉ်သေးခင် မင်းကင်းမြို့နယ်က ပြည်သူတစ်ဦး အနေနဲ့ ၂၀၁၅ ရွေး ကောက်ပွဲမှာ မညစ်ပတ်ကြေး နိုင်အောင်ကြိုးစား စမ်းပါဦးလို့ အားတော့ နာတော့ နာပါတယ်၊ တိုက်တွန်း လိုက်ပါရစေခင်ဗျား။

ချင်းတွင်းချစ်ဆန်း

မြန်မာသံတော်ဆင့်
Myanmartandawsint Newspaper

Brave Bar ကလပ်မှာ ရိုက်နှက်ခံရတဲ့ ဦးမျိုးဇော်သောင်း ၏ ရှင်းလင်းချက်

23 March 2014 03:11(+0630) (လွန်ခဲ့သော 4-လ ခန့်က)

         (၁၈-၃-၂၀၁၄)ရက်နေ့ထုတ် သတင်းစာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ပါရှိသော (၁၆-၃-၂၀၁၄) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ Brave Bar  ကလပ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ ထင်ယောင်ထင်မှား မဖြစ်စေရန် ကာယကံရှင် ကုမ္ပဏီ၏ ဝန်ထမ်း ဦးမျိုးဇော်သောင်းမှ ရှင်းလင်းဖော်ပြချက်


ကျွန်တော်သည် (၁၆-၃-၂၀၁၄)ရက်နေ့ နံနက် (၃းဝ၀)နာရီခန့်က မရမ်းကုန်းမြို့နယ်၊ Brave Bar  ကလပ်ရှေ့၌ ဦးအောင်မျိုးထွဋ်နှင့် အတူရှိနေစဉ် ယခင်က ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော လူ(၅)ဦးမှ မည်သည့်အကြောင်းမျှ မရှိဘဲ ကျွန်တော်အား ဆဲဆိုပြီး ရိုက်နှက်ထိုးကြိတ် ကန်ကျောက်ခြင်း ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာ ရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၂၉၄/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်၍ ယင်းတို့ (၅)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

အထက်ပါ (၁၈-၃-၂၀၁၄)ရက်နေ့ထုတ် သတင်းစာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ပါရှိသော (၁၆-၃-၂၀၁၄)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ Brave Bar  ကလပ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်တော် ဦးမျိုးဇော်သောင်းသည် NAING Group  ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးသာ ဖြစ်ပါသည်။ ကုမ္ပဏီပိုင်ရှင်လည်း မဟုတ်ပါ။ NAING Group  ကုမ္ပဏီ၏ B.O.D  အဖွဲ့ဝင်လည်း မဟုတ်ပါ။

ကျွန်တော်အား ထိုးကြိတ်ရိုက်နှက် ကန်ကျောက်သူ (၅)ဦးအား ကျွန်တော်မသိပါ။ ယင်းဖြစ်စဉ်မှာ NAING Group  ကုမ္ပဏီနှင့်လည်း သက်ဆိုင်ပတ်သက်ခြင်း မရှိပါ။ ကျွန်တော်မှ ၄င်းတို့(၅)ဦး၏ ထိုးကြိတ် ရိုက်နှိပ်ခြင်းကို ခံရသူသာဖြစ်ပါသည်။ သတင်းစာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ဖော်ပြချက် များကို ကန့်ကွက်ခြင်းလည်း မဟုတ်ပါ။ သို့ရာတွင် NAING Group  ကုမ္ပဏီနှင့် B.O.D  အဖွဲ့ဝင်များ၏ အမည်ကောင်းဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အတွက် အများပြည်သူထင်ယောင် ထင်မှားမဖြစ်စေရန် ရိုးသားစွာ ရှင်းလင်းတင်ပြခြင်းသာ ဖြစ်ပါသည်။

             အထက်ပါဖြစ်စဉ်မှာ ကျွန်တော်၏ ကိုယ်ပိုင်အချိန်တွင် ပြင်ပ၌ ဖြစ်ပွားခဲ့သော ကျွန်တော်၏ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်၍ NAING Group  ကုမ္ပဏီနှင့် မည်သို့မျှပတ်သက်ခြင်းလည်းမရှိပါ။ ကျွန်တော်၏ အလုပ်ချိန်မှာ နေ့စဉ်နံနက်(၉းဝ၀) နာရီမှ ညနေ(၅းဝ၀)နာရီထိသာဖြစ်ပါသည်။ ဤကဲ့သို့ သတင်းစာအချို့နှင့် အင်တာနက်တွင် ဖော်ပြပါ ရှိသဖြင့် ကျွန်တော့်အား ကုမ္ပဏီမှ အရေးယူခံရဖွယ် ရှိနိုင်ပါသည်။

ယခုအခါ ရန်ကုန်မြို့တွင် မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ရမ်းကားမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျွန်တော်၏ ဖြစ်စဉ်တွင်လည်း သတင်းစာဖော်ပြချက်များမှာ ထိခိုက်နစ်နာသူ ကျွန်တော့်ကိုသာလျှင် ဂုဏ်သိက္ခာကျဆင်းစေပြီး ရမ်းကားသူတို့နှင့် ပတ်သက်၍ ဖော်ပြချက်များ မတွေ့ရှိရသဖြင့် များစွာ ဝမ်းနည်း ရပါသည်။

သို့ပါ၍ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများအား အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင် ရေးအတွက် သတင်းစာ၊ ဂျာနယ်များမှ လိုအပ်သလို ပံ့ပိုးကူညီ ရေးသား ဖော်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံအပ် ပါသည်။

                                                             ဦးမျိုးဇော်သောင်း
                                                            ၁၂/သခန(နိုင်)ဝ၇၈၆၆၅
                                                           ကုမ္ပဏီဝန်ထမ်း၊ နိုင်ဂရု(ပ်)ကုမ္ပဏီ လီမိတက်

မြန်မာ ပင်လယ်ပြင် ၏ သဘာဝ ပတ်ဝန်းကျင် ကို ဖျက်ဆီးနေ သော SHWE သဘာဝဓာတ်ငွေ့  DAEWOO

22 April 2014 06:08(+0630) (လွန်ခဲ့သော 3-လ ခန့်က)

၂၁.၄.၂၀၁၄ နေ. မနက် ပိုင်း ၇း ၄၅ နာရီ တွင်  SHWE သဘာဝ ဓာတ်ငွေ့  စင် အောက် ရေပြင် တခု လုံး ဆီ များဝေ့ နေ သည်။ ပင်လယ် တွင် ကျက် စား သော ငါး များ အဝေး သို့  ကူး ခတ် ပြေး နေ သည်။  ရွှေသဘာဝဓာတ်ငွေ့  စင် မှ အသုံး ပြူ ပြီးသော ချောဆီ ၊ ဒီဇယ် များ ကို ပင် လယ် တွင်း သို့  တိုက် ရိုက် သွန်ချ လိုက် သလား ပင် ထင် ရ၏။ ဝေ့၀ဲ နေ သော ဆီ များ ကို ၄င်း စင်ပေါ် တွင် အလုပ်လုပ်နေ သော လူ တိုင်း တွေ့  မြင် ရ၏။

သဘာဝပတ် ၀န်းကျင် နှင့် ပတ် သက်၍ နိုင်ငံတကာ မှ သတ် မှတ် ထားသော စွန်. ပစ် ရေ တွင် ဆီ ပါ ၀င် နှုန်း (oil in water) 30 ppm နှင်. နှိုင်းယှဉ် လျှင် အလွန် အမင်း များ ပြားနေ ပါသည်။ 5၀၀ ppm နှင့် အထက် ရှိပေ မည်။ အဘယ်ကြောင့် ယခု ကဲ့ သို့  ဖြစ်ရသည်ကို စင် ပေါ် ရှိ လူ များ ကို လိုက် လံ  မေး မြန်း ကြည့် ရာ  Operation ဘက် ရှိ  ဒီဇယ် သိုလှောင်ကန် မှ ဒီ ဇယ် အဟောင်း များ အား ပင် လယ် တွင်း သို့  သွန် ချ ခြင်းကြောင့် ဖြစ် သည် ဟု ဆို သည် ။ ခန့် မှန်း ခြေ ဒီ ဇယ် ၅၀၀၀ လီ တာ မျှ ပင် လယ် အတွင်း သို့  သွန် ချ လိုက် ခြင်း ဟု သိ ရ သည်။

ယခု ဖြစ် စဉ် တွင် ဒီ ဇယ် များ သာ မက condensate ဟု ခေါ် သော သဘာဝ ဓာတ် ငွေ့  ရည် များ ပါ ပင် လယ် တွင်း သို့  ရောက် ရှိ သွား ပေသည်။ အဘယ် ကြောင့် ဆို သော် ဒီဇယ် ဆီ များ ဝေ့ ၀ဲ နေ သည့် အချိန် တွင် လူ နေ ခန်း များ တွင် condensate အနံ များ စူး ရဲ စွာ နံ နေ ပေသည်။

ယခု ကဲ့ သို့  ဖြစ် ရပ် အား တခြား နိုင်ငံ များ တွင် ဖြစ် ပေါ် ပါ က ချက် ချင်း ဆို သလို အရေး ယူ မှု ရှိ ပေ မည်။ ယခု ဖြစ် စဉ် ကို ကျွန်တော်  နှင်. အတူ မြင် တွေ့  လိုက်သော ဥရောပ တိုက် သား နိုင်ငံ ခြား သား များ က ထို ကဲ့ သို့ ပင် လယ် ပြင် တွင်း ဆီ ကျ ပါ က ချက် ချင်း အရေး ယူ ခြင်း၊ တာဝန် ရှိ သူ အား ထိရောက် စွာ အရေးယူ ခြင်း၊ ကုမ္ပဏီ အား ဒဏ်ငွေ တပ် ခြင်း များ လုပ်ဆောင် သည် ဟု သိရ ၏။  မြန် မာ ရေ ပြင် သဘာ ၀ပတ် ၀န်းကျင် ကို ထိ ခိုက် စေ သော ယခု အပြူ အမှု တွင် မည် ကဲ့ သို့  အရေး တယူ ပြူ မည် ကို မသိ ရပေ။ မြန်မာနိုင်ငံ ၏ သဘာ ၀ သယံဇာတ ကို ထုတ် ယူ ပြီး အရေးမစိုက် မြန်မာ သဘာဝ ပတ် ၀န်း ကျင် ကို ထိ ခိုက် စေ ခြင်း မှာ စော် ကား မှု ပင် ဖြစ်သည်။

  မြန်မာ အစိုး ရ နှင့်  ကုပဏီ ကြား သဘော တူ ချက် အရ မြန်မာ နိုင်ငံ သား များ ကို နည်းပညာ အတွေ့  အကြူံ ရ စေ ရန် နိုင်ငံခြား သား များ နှင့်  ပူးတွဲ ပြီး အလုပ် လုပ် စေ သည်။ သို့ သော် နည်းပညာ ပိုင်း အားနည်း သော ဖိလစ် ပိုင် လူမျိုး များ အား ရွှေ သဘာဝဓာတ် ငွေ့ စင် ၏ Operation and Maintenance အတွက် ခန်.ထားကြောင်း သိရ သည်။  ထို ဖိလစ် ပိုင် များ သည် နည်းပညာ ပိုင်း နှင်. ပတ် သက် ၍ နိုင်နည်း မှု မရှိ သဖြင့်  မိမိ တို. နိုင်ငံ ၏ ရှယ် ယာ တပိုင်း ဖြစ် သော သဘာဝဓာတ် ငွေ့  လုပ် ငန်း အတွက် အကျိုး ဆုတ်ယုတ်  မှု သာ ဖြစ် စေ သည်။

ရွှေ သဘာ ၀ဓာတ် ငွေ့  လုပ် ငန်း တွင် နည်းပညာ ရ ရှိ ရေး အတွက် ဖိလစ်ပိုင် များ ကို ခန့်  ထားသော် လည်း အင်္ဂလိပ် စကား မှ လွဲ ၍ ၄င်း တို. သည် သက် ဆိုင် ရာ လုပ် ငန်း နယ် ပယ် နှင့် ပတ် သက် ၍ အင် ဂျင် နီ ယာ ဘွဲ.ရ များ မဟုတ် ဘဲ သာ မန် စက် မှု လက် မှု အထက် တန်း လက် မှတ် များ သာ ရ ရှိ သူ များ ဖြစ် ပြီး အခြေ ခံ အင်ဂျင်နီ ယာ တွေးခေါ် မှု မျှ မတတ် သော သူ များ သာ များ သည်။ နိုင်ငံ တော် အစိုးရ အနေ  နှင်. မြန်မာ သဘာဝ ဓာတ်ငွေ. လုပ် ငန်း တွင် မြန်မာ များ နေ ရာ ယူ နိုင်ရေး အတွက် မြန်မာ အင်ဂျင် နီယာ များ ကို ၄င်း ဖိလစ် ပိုင် များ နှင့် တွဲ ဖက် ခန့်  ထား သော် လည်း အရည်အချင်း မပြည့် ၀သော ဖိလစ် ပိုင် များ ကြောင့် အကျိုးကျေး ဇူး ထက် ဆုံးရှုံးမှု သာ များ သည်။ ရွှေ သဘာ ၀ ဓာတ် ငွေ့  လုပ် ငန်း သည် မြန်မာ အစိုးရ ရှယ်ယာ အဖြစ် ပါ ၀င် သော ကြောင့် နိုင်ငံ တော် ပိုင် လုပ် ငန်း တခု ပင်ဖြစ် သည်။ ထို လုပ် ငန်း ၏ ဆုံးရှုံး မှု သည် မြန်မာ နိုင် ငံ အတွက် ဆုံး ရှုံး မှု ပင် ဖြစ် သည်။

ထို ပြင် ယခု ဖြစ် ရပ် ကဲ့ သို့  ပင် လယ် ပြင် သဘာ ၀ပတ် ၀န်းကျင် ထိခိုက် မှု သည် ရေရှည် တွင် မြန်မာ နိုင်ငံ အတွက် ကြီး မား စွာ ထိခိုက် ပေ လိမ့်မည်။ တခြား နိုင်ငံ များ တွင် ပင် လယ် ပြင် သို့  ဆီ ကျ ပါ က ဒဏ်ငွေ ရိုက် ခြင်း ၊ တာဝန်ရှိ သူ ကို ထိရောက် စွာ အရေးယူ ခြင်း ၊ လွန်ကဲစွာ ထိခိုက် မှု ဖြစ် ပါ က ခုံ ဖွဲ. စစ်ဆေး ခြင်း များ ပြုလုပ် ကြသည်။ ယခု မှု မြန်မာ အစိုးရ ၏ သဘာဝ ပတ် ၀န်း ကျင် ဆိုင် ရာ အသိ အားနည်း မှု၊ နိုင်ငံခြား ရင်းနှီး မြူပ်နှံ မှု များ ကို လွန်ကဲ စွာ မျက်နှာ သာ ပေး မှုများ ကြောင့် မြန်မာ ပတ်ဝန်း ကျင် ညစ် ညမ်း ရပေ မည်။

ထို့  ကြောင့် အထက် ပါ ဖြစ် ရပ် အား ထိရောက် စွာ အရေး တယူ ပြု ပေး ရန် တာ ၀န် ရှိ သူ များ ကို တင် ပြ အပ် ပါ သည်။

ရွှေ မှ မြန်မာနိုင်ငံသား တစ်ဦးက သစ်ထူးလွင် သို့  ရေးသားပေးပို့ သည်။

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ ၂၀

24 July 2014 16:49(+0630) (6 ရက် ခန့်က)

ရတ်ချပူရီ ဆေးရုံကို ကျောင်းသားတွေ ၀င်စီးပြန်ပြီ

ရန်သူဟောင်းတွေနဲ့လက်ဆွဲနှုတ်ဆက်လို့ကောင်းတုန်း၊ ကျနော်အမှတ် မမှားဘူးဆိုရင် ဘန်ကောက် မှာကျင်းပတဲ့ အာဆီယံဒေသ ခရီးသွားလာမှု ဖံွံ့ဖြိုးရေးဆွေးနွေးပွဲအတွင်း မြန်မာဟိုတယ်နဲ့ ခရီးဝန်ကြီး ကို အင်တာဗျုးလုပ်ပြီး နောက်တတရက် မနက်စောစောမှာ “နန်စူစန်ဖမားတွေက ရတ်ချပူရီဆေးရုံကို ၀င် စီးထားပြန်ပြီ” ဆိုတဲ့သတင်း ထိုင်း TV မှာ စကြားလိုက်ရတာပါ။


(သံရုံးသိမ်းကျောင်းသားခေါင်းဆောင် ကိုဂျော်နီနှင့် ဆေးရုံသိမ်းခေါင်းဆောင် ကိုဗေဒါတို့ကို တခြား ၂ ဦးနဲ့အတူ တွေ့ရစဉ်)

မနီလွိုင်က ကျောင်းသားတွေနဲ့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းရပ်ကွက်တွေကို ဖုန်းဆက် မေး မြန်းပေမယ့် ဘာမှအတိအကျမရပါ။ နောက်ပိုင်းမှ ပြန်သိရတာကတော့ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ဆန်းပိုင်းကစပြီး သံရုံးသိမ်းကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုဂျော်နီတို့ စွမ်းအားမြင့် မြန်မာကျောင်း သားစစ်သည်တော်များအဖွဲ့ (VBSW) နဲ့ ဘုရားသခင်တပ်မတော် (God Army) စခန်းရှိရာ ကမာပု လောဒေသဆီ န၀တတပ်တွေက အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ လက်နက်ကြီး အလွန်အကျွံ သုံးခဲ့ကြောင်း၊ တချိန်တည်းမှာပဲ ထိုင်းဘက်ကလည်း သူတို့နယ်ထဲဆုတ်ခွင့်မပေးဘဲ န၀တ နဲ့ပေါင်းပြီး တိုက်တဲ့ သဘောတောင်ရှိခဲ့တယ်လို့ နယ်စပ်နေသူတွေက ပြောပါတယ်။

ဒီအတွက် ဒဏ်ရာရလူနာက များပြား၊ ဆေးဝါးက မလုံလောက်၊ ကျွမ်းကျင်ဆေးမှူးကလည်း မရှိတာနဲ့ နောက်ဆုံးကြံရာမရဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဆရာဝန်ရှာဖို့ ထွက်လာရာကနေ ရတ်ချပူရီဆေးရုံဆီ ရောက် လာတာဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် သတင်းစကြားကြားချင်းတော့ ဒါတွေကိုမသိပါဘူး။ ကျောင်းသားတွေ ဆေးရုံကိုသိမ်းပြန်ပြီဆိုတော့ ကိုဂျော်နီတို့ လက်ချက်ပဲဖြစ်မှာ ပဲလို့ မှန်းပြီး ရတ်ချပူရီကိုသွားဖို့ အမြန်ကြိုးစားရပါတယ်။

ကြိုးစားတယ်ဆိုပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြန်မာစာအုပ်အတုတခုကလွဲပြီး သတင်းထောက် ဆိုင်ရာ သက်သေခံအထောက်ထား ဘာမှမရှိ။ အရင်က နီးစပ်ခဲ့ဖူးတဲ့၊ မြန်မာ့ဒီမိုကရေစီအင်အားစု တွေကို ကူညီခဲ့ဖူးတဲ့ ထိုင်းထောက်လှမ်းရေးတွေကလည်း သံရုံးစီးနင်းမှုဖြစ်စဉ် ထူးထူးရှယ်သတင်းပို့ပြီး ကတည်းက ကျနော်တို့နဲ့ ကိုဂျော်နီတို့နဲ့အဆက်သွယ်ရှိတယ်ထင်ပြီး ကျနော်ကိုမယုံတော့ပါ။ ဒီတော့ ထောက်လှမ်းရေးအကူညီနဲ့အရင်လို နယ်စပ်သွားဖို့ မဖြစ်နိုင်တော့။

ဒီလိုကြံရမရဖြစ်နေတုန်း မနေ့က သတင်းစာရှင်းပွဲမှာ အတူတူ သတင်းတက်ယူခဲ့သူ (အဲဒီအချိန်က RFA မှာ ယာယီတာဝန်ထမ်းနေပြီး အခု BBC မြန်မာပိုင်းအစီစဉ်မှုးတာဝန်ယူထားသူ) ဒေါ်တင်ထား ဆွေနဲ့ အဆက်သွယ်ရလိုက်ပါတယ်။ RFA ဗီယက်နမ်ဌာနက သတင်းထောက်တဦး၊ ထိုင်းကားဆရာ၊ ဒေါ်တင်ထားဆွေနဲ့ ကျနော်တို့ ၄ ဦး ရတ်ချပူရီကို ရောက်တော့ နေ့လယ် တနာရီလောက် ရှိနေပါပြီ။ ဆေးရုံးဝင်း ၀င်ပေါက်အားလုံးကို ပိတ်ထားပြီး အားကစားကွင်းရှိတဲ့ဘက်မှာ သတင်းထောက် အများ ကြီးကို တွေ့ရပါတယ်။ ကျနော်လည်း ဘန်ကောက်သံရုံး စီးနင်းစဉ်ကလိုမျိုး အင်တာဗျုးများ ရမလား ဆိုပြီး လက်ကိုင်ဖုန်းတလုံးနဲ့ ဟိုဆက်ဒီဆက် လိုက်မေးခဲ့ပေမယ့် ဘာအင်တာဗျုးမှ မရလိုက်ပါဘူး။

ညနေ ၇ နာရီ ၄၅ မိနစ် DVB ပထမအကြိမ် အသံလွှင့်ချိန်အတွက် သတင်းပို့တဲ့အထိ အခြေအနေက ဘာမှ သိပ်မထူးခြား။ ဒါပေမယ့် ညဥ့်နက်လာတာနဲ့အမျှ ထိုင်းအာဏာပိုင်တွေဘက်က လှုပ်ရှားမှုဟာ စေ့စပ်ဆွေးနွေးရေးထက် ဖမ်းဆီးဖြိုခွဲရေးဘက် နည်းနည်းယိမ်းလာသလားလို့ သံသယ၀င်စရာ  ဖြစ် လာစေခဲ့ပါတယ်။ နောက်တခါ ကျနော်ဘေးမှာရှိနေတဲ့ ထိုင်းသတင်းထောက်တွေ အပါအ၀င် စကား ပြောခွင့်ရခဲ့တဲ့ ထိုင်းပြည်သူတွေရဲ့အမြင်ဟာ ဘန်ကောက်သံရုံး စီးနင်းစဉ်ကနဲ့ မတူတော့ပါ။ ဘန် ကောက်သံရုံး စီးနင်းမှုဟာ မြန်မာအချင်းချင်းပြဿနာလို့ သူတို့က မြင်ကြပြီး ကိုဂျော်နီတို့ အဖွဲ့ရဲ့ လုပ် ရပ်ကို “ဒီး ဒီး” လို့ လက်မ ထောင်ပြခဲ့သူတွေပါ။

ဒါပေမယ့် အခု ရတ်ချပူရီ ဆေးရုံကိစ္စမှာတော့ သူတို့အမြင်က အဲဒီလိုမဟုတ်တော့။ ထိုင်းလူမျိုးတွေကို ဒုက္ခပေးတဲ့ မြန်မာကျောင်းသားတွေအဖြစ် မြင်လာနေပါတယ်။ ဖြေရှင်းသူတွေကလည်း သံရုံးတုန်းက လို နိုင်ငံရေးပြဿနာကို ကိုင်တွယ်တယ်ဆိုတာထက် အမျိုးသားလုံခြုံရေးပြဿနာအဖြစ် ရှုမြင်ပုံရပြီး ကိုင်တွယ်ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထိုင်းသတင်းထောက်တွေ ကြားမှာလည်း ဒီလိုပါပဲ။ ဆေးရုံထဲ TV ရိုက်ခွင့်ရတဲ့ ထိုင်းချယ်နယ်က Footage တွေကို အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး လုံခြုံ ရေးတပ်ဖွဲ့က အရင်စစ်ဆေးဖို့ပေးလိုက်ပါတယ်။

လုံခြုံရေးတွေကနေ ဆေးရုံဝင်းထဲက သေနတ်သမားတွေနဲ့ ဓားစာခံ အခြေအနေတွေကို အသေးစိတ် လေ့လာပြီးမှ မီဒီယာမှာပြဖို့ ပေးလိုက်တာကို မြင်လိုက်ရပါတယ်။ ဆင်ဆာမရှိဘူးဆိုတဲ့ ထိုင်းနိုင်ငံမှာ ဒီဖြစ်စဉ်ကို မြင်လိုက်ရတော့ ကျနော့်စိတ်ထဲ တမျိုးပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဒီလုပ်ပဲ လုပ် ကြမှာလား။ ဒါဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတခုလား။

နောက်တချက်သတိထားမိတာကတော့ သံရုံးနဲ့ ဆေးရုံအခင်းအကျင်းကွာခြားချက်ပါ။ သံရုံးကိုဝင်စီးတဲ့ ကိုဂျော်နီတို့က သံရုံးတခါးအသေပိတ်ပြီး အပြင်ကလူတွေကို လုံးဝအ၀င်မခံဘဲ တားထားလို့ရပေမဲ့ ဆေးရုံမှာကတော့ အရေးပေါ်လူနာတွေရှိနေတဲ့အတွက် အဲဒီလူတွေကိုသယ်ဖို့ သူနာပြုကား ၀င်ခွင့် ပေးရပါတယ်။ ရုပ်ရှင်တွေထဲမှာမြင်ခဲ့ဖူးတဲ့အတိုင်းပါပဲ။ အထူးရဲတွေက ဆေးရုံယူနီးဖောင်းဝတ်ပြီး အဲဒီ လူနာတင်ကားနဲ့ ဆေးရုံဝင်းအတွင်းလိုက်သွားတာကို သတင်းထောက်တွေက မြင်နေရပါတယ်။

ဒီလိုနဲ့ ည ၁၁ နာရီလောက်မှာ ဆေးရုံဝင်းတံခါးရှေ့က သတင်းထောက်တွေကို နောက်နည်းနည်း ဆုတ်ပေးဖို့ပြောပြီး သံဆူးကြိုးတွေနဲ့ ကာလိုက်ပါတယ်။ တခါ ည ၁ နာရီလောက်မှာ နောက်ထပ်တခါ ထပ်ဆုတ်ခိုင်းပြီး သံဆူးကြိုးဝိုင်းကို တဖြည်းဖြည်းနဲ့ ချဲ့လာပါတယ်။ ဆိုလိုတာကတော့ ကင်မရာနဲ့ ဆေးရုံဝင်း တဖြည်းဖြည်းဝေးသွားအောင် ဖန်တီးပြီး ၀င်ရှင်းဖို့ပြင်နေတဲ့ အနေအထားမျိုးလို့ ယူဆနိုင် ပါ တယ်။

သူတို့ ကျဆုံးသွားလေပြီ

ထင်ထားတဲ့အတိုင်းပါပဲ။ မနက် ၅ နာရီလောက်မှာ “၀ုန်း” ဆိုတဲ့ ပေါက်ကွဲသံကြီးနှစ်ခု ဆက်တိုက် ကြားရပြီး အားကစားရုံဘေးမှာ အိပ်ငိုက်နေတဲ့ကျနော် လန့်နိုးသွားပါတယ်။ အသံဖမ်းစက်ကို Pause လုပ်ထားပေမယ့် အဲဒီအသံကိုဖမ်းဖို့ အချိန်မမီလိုက်ပါဘူး။ ပြီးတော့ လက်နက်ငယ်သံတွေ အဆက် မပြတ်ကြားရပြီး ကောင်းကင်ပေါ်မှာလည်း ရဟတ်ယာဉ်အသံတွေ ဆူလို့။ တခြားသတင်းထောက်တွေ နဲ့အတူ လှဲအိပ်ပြီးနေရာယူ၊ အသံဖမ်းစက်ကို အပေါ်ထောင်၊ မျက်စိက ဆေးရုံဘက် ချောင်းကြည့်ပေါ့။ အဲဒီလို နေရာယူနေစဉ် ရဟတ်ယာဉ်ပေါ်က မီးဆလိုက်က ကျနော်ခေါင်းပေါ် တည့်တည့်ထိုးနေ သ လားလို့ ထင်ရအောင်ကို လင်းထိန်လွန်းလှပါတယ်။



(ဆေးရုံစီးနင်းမှုအပြီး၊ ကမာပုလောစခန်းကျပြီးနောက် ထိုင်းစစ်တပ်ဆီ လက်နက်ချလိုက်တဲ့ God Army တပ်မှုးကလေးငယ်များ)

ဝမ်းခစန်းတိုက်ပွဲကာလက ညတိုက်ပွဲအတွင်း မီးကျဉ်ပစ်တာကို သွားသတိရမိပါတယ်။ ထွက်ပြေးသွား တဲ့ သေနတ်သမားတဦးကို ရဟတ်ယာဉ်က လိုက်ရှာနေတယ်ဆိုပြီး သတင်းထောက်တွေအကြား ပြော သံကြားတော့ ပိုလန့်သွားပါတယ်။ ရေဒီယိုသမားက မြေမှာဝပ်ပြီး အသံကိုဖမ်း၊ နားကိုစွင့်နေရုံနဲ့ အ ဆင်ပြေပေမယ့် ကင်မရာသမားတွေကတော့ ဒီလိုနေလို့ မရ။ အဲဒီအချိန်က DVB မှာ တီဗွီချာနယ် မရှိ သေးလို့ တော်သေးတယ်လို့ပြောရမယ်။

Live လွှင့်နေတဲ့ TV တွေအားလုံးကို လုံခြုံရေးအဖွဲ့ကတားဆီးပြီး ထိုင်းကင်မရာသမား ၂ ဦးကို အဲဒီ တပ်ဖွဲ့က တားဆီး၊ ဟိန်းဟောက်၊ သေနတ်ပြ ခြိမ်းခြောက်နေတာကို ကျနော်တွေ့လိုက်ရပါတယ်။ ထိုင်း သတင်းထောက်တွေတောင် ဒီလို အဟောက်ခံနေရရင် ငါ့လို ဘာ ID မှမရှိတဲ့ မြန်မာဆိုရင်တော့ သေနတ်သမားနဲ့ ကြံရပါလားဆိုပြီး နှိပ်ထည့်လိုက်ရင် ဒုက္ခဆိုပြီး ကြောက်စိတ်က၀င်၊ တဖက်ကလည်း အသံတွေကို ရအောင်ဖမ်း၊ မြင်ကွင်းတွေကို မှတ်မိ အောင်ကြည့်နဲ့ အတော်စိတ်ပင်ပန်းခဲ့ရပါတယ်။

အံ့သြဖို့ ကောင်းတာကတော့ ဒေါ်တင်ထားဆွေပါပဲ။ သူပုန်လူထွက်သတင်းထောက်ကျနော်က အဲဒီလို ကြောက်ဖို့ စိတ်ကူးနေစဉ်မှာ သူက ဘာမှမကြောက်ဘဲ မုန်ဘိုင်းတယ်လီဖုန်းနဲ့ FRA မနက်ပိုင်း အစီစဉ် အတွက် Live သတင်းပို့နေပါတယ်။ DVB ကတော့ အဲဒီအချိန် အော်စလိုကလူတွေ အိပ်ကောင်း တုန်း။ မနက်ပိုင်းအစီစဉ်လည်း မရှိသေးတဲ့အတွက် အသံတွေ ဖမ်းထားရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါ ဘူး။ တနာရီလောက် ရှုပ်ယှက်ခပ်ပြီးနောက်မှာတော့ အားလုံး အိုကေ သွားပြီ၊ ဓားစာခံတွေကို ကယ် တင်လိုက်နိုင်ပြီလို့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဒါပေမယ့် သေနတ်သမားတွေကို ဘယ်လိုအရေးယူသလဲဆိုတာကိုတော့ အတိအကျ ပြောမသွားပါ။ သေနတ်နဲ့ခုခံလို့ ပစ်သတ်လိုက်ရသလိုလို၊ လွတ်သွားတဲ့တဦးကို လိုက်ဖမ်းနေဆဲဖြစ်သလိုလိုနဲ့ သိပ် မရှင်းလှ။ ဆေးရုံဝင်းထဲကိုလည်း သတင်းထောက်တွေကို ၀င်ကြည့်ခွင့် မပေးသေးပါ။ ဒါပေမယ့် အခြေ နေအရပ်ရပ်ဟာ အားလုံးပြီးဆုံးသွားပြီလို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီလိုနဲ့ တညလုံး အိပ်ရေးပျက်ထား တဲ့ ကျနော်တို့အဖွဲ့ဟာလည်း ဆေးရုံးဝင်းထဲ ၀င်ကြည့်ခွင့်ရမယ့် နေ့လယ်ပိုင်းအထိ မစောင့်တော့ဘဲ ဘန်ကောက်ကို ပြန်တက်လာခဲ့ပါတယ်။ ညနေပိုင်း သတင်းမပို့ခင်လေးမှာ ၀င်လာတဲ့သတင်းတွေအရ VBSW နဲ့ God Army က ရဲဘော် ၁၀ ဦးစလုံးကို လုံခြုံရေးအဖွဲ့က အသေပစ်သတ်လိုက်ပြီး အဖြူရောင် ပိတ်စတွေနဲ့ စည်းထားတဲ့ အလောင်း ၁၀ လောင်းကို ပြသထားတာ TV မှာ တွေ့လိုက်ရပါတယ်။

နောက်ပိုင်းသိရတဲ့ အချက်တွေအရ သံရုံးစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဂျော်နီဟာ ကမာပုလော တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ် ရထားတဲ့အတွက် ဒီဆေးရုံစီးနင်းမှုမှာ မပါဘူးလို့ သိရပါတယ်။ VBSW အဖွဲ့မှ ကိုဗေဒါက ဦးဆောင်ပြီး God Army တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆို ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ God Army ဌာနချုပ်ဖြစ်တဲ့ ကမာပုလောစခန်းဟာ န၀တရဲ့ ထိုး စစ်တင်မကဘဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကိုပါခံရပြီး တလလောက်အကြာမှာ ကမာပု လောစခန်း ကျသွားပါတယ်။    ။

မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို

30 July 2014 07:31(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)

 မြန်မာနိုင်ငံနဲ့ ​တချို့အာဆီယံ ​အသင်းဝင် ​နိုင်ငံတွေမှာ ​ကျားအကောင်ရေနဲ့ ​ပတ်သက်ပြီး ​သတင်း အချက် အလက်တွေ ​မရှိတဲ့အတွက် ​ကျားထိန်းသိမ်းရေး လုပ်ငန်းမှာ ​အခက်အခဲ ​ဖြစ်နေရတယ်လို့ ​ကမ္ဘာ့တောရိုင်း သဘာဝ ​စောင့်ရှောက်ရေး အဖွဲ့ ​WWF ​က ​ပြောပါတယ်။

၂၀၁၀ ​ပြည့်နှစ်တုန်းက ​ပြုလုပ်ခဲ့တဲ့ ​ညီလာခံအတွင်း ​ကမ္ဘာပေါ်မှာ ​ကျားအကောင်ရေ ​၃၂၀၀ ​လောက်သာ ​ကျန်ရှိတော့မယ်လို့ ​ခန့်မှန်းခဲ့ကြပါတယ်။

ကျားတွေ ​မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ ​အနေအထားကြောင့် ​၂၀၂၂ ​ခုနှစ်မှာ ​ကျားအကောင်ရေ ​နှစ်ဆဖြစ်တဲ့ ​၆၀၀၀ ​ကျော်ရှိလာအောင် ​လုပ်ဆောင်ကြမယ်လို့ ​ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၀ ​ညီလာခံ ​နောက်ပိုင်းမှာ ​ကျားအကောင်ပေါင်း ​ဘယ်လောက်ရှိသလဲဆိုတာကို ​တရုတ်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါ၊ ​အိန္ဒိယနဲ့ ​ရုရှားနိုင်ငံတို့က ​ပုံမှန် ​လုပ်ဆောင်လာတဲ့အတွက် ​ထိန်းသိမ်းရေးမှာ ​အထောက်အကူဖြစ်စေတယ်လို့ ​WWF ​အဖွဲ့က ​ပြောပါတယ်။

ဒါပေမဲ့ ​မြန်မာ၊ ​မလေးရှား၊ ​အင်ဒိုနီးရှား၊ ​ထိုင်း၊ ​လာအို၊ ​ဗီယက်နမ်နဲ့ ​ကမ္ဘောဒီးယားနိုင်ငံမှာ ​အချက်အလက် ​ပြုစုထားတဲ့ ​မှတ်တမ်းတွေ ​မရှိတဲ့အတွက် ​ကျားအကောင်ရေ ​ထိန်းသိမ်းရေးအတွက် ​အခက်အခဲ ​ဖြစ်စေတယ်လို့ ​ဆိုပါတယ်။

ဒါကြောင့် ​အဲဒီနိုင်ငံတွေမှာ ​တစ်နှစ်အတွင်း ​စနစ်ကျတဲ့ ​အချက်အလက် ​မှတ်တမ်းတွေကို ​ပြုစုဖို့လည်း ​Tiger ​Day ​ကျားများနေ့မှာ ​တိုက်တွန်းလိုက်ပါတယ်။

အပျော်သဘောနဲ့ ​အမဲလိုက်တဲ့သူတွေ၊ ​ငွေကြေးအတွက် ​အမဲလိုက်သူတွေနဲ့ ​မြို့ပြချဲ့ထွင်မှု ​တွေကြောင့် ​ကျားရိုင်း ​အကောင်ရေတွေ ​တဖြေးဖြေး ​လျော့နည်း ​လာတာ ​ဖြစ်ကြောင်း ​လည်း ​ယူဆနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-30/1349918

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် (၅)မိနစ်အတွင်း အရေးပေါ် ကူညီပေးနိုင်မည့် Hotline စနစ်တစ်ခုစတင်

29 July 2014 02:11(+0630) (2 ရက် ခန့်က)

 ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် ခရီးသွား ပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာ ပါက ချက်ချင်း ခေါ်ဆိုပြီး အကူအညီ တောင်းနိုင်မည့် Hotline စနစ်တစ်ခုအား စတင်လိုက်ပြီဟု သိရ သည်။

ယင်းလမ်းပေါ်တွင် အသုံးပြု သွားလာနေကြသည့် ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်လာပါက Hotline နံပတ် ၁၈၈၀  အား ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ကြောင်း ယနေ့ Orchid ဟိုတည်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ အမြန်လမ်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်က ပြောသည်။

“ တစ်ခုခု မတော်တဆဖြစ်ရင် ခရီးသွားပြည်သူတွေအနေနဲ့ Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်းဆက်သွယ်နိုင်တယ်။ ၅ မိနစ်အတွင်းမှာ ကျနော်တို့ သွားရောက်ပြီး ကူညီဆောင်ရွက် ပေးသွားနိုင်အောင် ဒီစနစ်ကို စီစဉ်ထားပါတယ်” ဟု သူက ဆိုသည်။

ယခင်က ခရီးသွားပြည်သူများ အနေဖြင့် အရေးပေါ် အကူအညီတောင်းခံရန် Hotline နံပတ် ၁၉၉ နှင့် ၁၈၇၆ လိုင်းများ ရှိခဲ့သော်လည်း ဖုံးလိုင်းမအားသဖြင့် အချိန်ပြည့် အကူအညီမပေးနိုင်ခဲ့၍ Hotline နံပတ်  ၁၈၈၀ အား အသစ်တပ်ဆိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု Hotline နံပတ် ၁၈၈၀ အတွက် လူအင်အား (၂၅) ဦးဖြင့် အားဖြည့်ထားပြီး တစ်နေ့ ၂၄ နာရီ အချိန်ပြည့် လုပ်ဆောင်သွားမည်ဟု သိရသည်။

Hotline ၁၈၈၀ အား ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး အကူအညီ တောင်းခံနိုင်ကြောင်း သူက ပြောသည်။

“ အဓိကတော့ဗျာ ခရီးသွား မိဘပြည်သူတွေ အနေနဲ့ အဆင်ပြေချောမွေ့စေရေးနဲ့ ဘယ်နေရာ မဆို မတော်တဆ တစ်ခုခု ဖြစ်ပွားခဲ့ရင် မလိုလားအပ်ဘဲ အသက် ဆုံးရှုံးမူတွေ မဖြစ်စေရေး အတွက် အဓိက ရည်ရွယ်ပြီး စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့ပြင် မော်တော်ယာဉ်တွေ အနေနဲ့ စက်ချို့ယွင်းမူ ဖြစ်ပွားသည် ဖြစ်စေ၊ မတော်တဆမော်တော်ယာဉ် မီးလောင်သည် ဖြစ်စေ အကူအညီ တောင်းခံလို့ ရနိုင်အောင် စီစဉ်ပေးတာ ဖြစ်ပါတယ်” ဟု စီစဉ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အမြန်လမ်း အင်ဂျင်နီယာမှူးက ဆိုသည်။

အရေးပေါ် Hotine နံပါတ် ၁၈၈၀  အားဆက်သွယ်ပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့်  ပြုပြင် ထိန်းသိမ်းရေး မော်တော်ယာဉ်များနှင့်အတူ အခင်း ဖြစ်ပွားရာနေရာသို့ ချက်ချင်း လာရောက်ကူညီဖြေရှင်း ပေးသွားမည်ဟု ဆိုသည်။

ွှအရေးပေါ် ဖုံးခေါ်ဆိုမူဖြစ်သော်လည်း သာမန် ဖုံးခေါ်ဆိုသည့် နုန်းထားအတိုင်း တစ်မိနစ်လျှင် ကျပ် (၅၀) နှုန်းသာ ကုန်ကျမည်ဖြစ်သည်ဟု ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကူညီရေး စခန်း (၅) ခု လောလောဆယ်တွင် တည်ဆောက် ထားပြီး နောက်ထပ် (၁၀) ခုထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ကားမတော်တဆ ဖြစ်ပွားမူများ မကြာခဏ ဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွားပြည်သူများအနေဖြင့်  Hotline နံပတ် ၁၈၈၀ ကို အရေးပေါ် ချက်ချင်း ခေါ်ဆိုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။