စစ်ဗိုလ်က ရိုးရာပွဲတော်တွင် အုပ်စု အုပ်ချုပ်ရေးမှူးအား ကိုယ်ထိ လက်ရောက်စော်ကား
29 July 2014 02:38(+0630) (2 ရက် ခန့်က)
ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ကွမ်းချောင်းဝအုပ်စု၊ ကွမ်းချောင်းဝကျေးရွာသားများသည် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရွာခင်းပွဲတော်ကို ကျင်းပနေစဉ် ပလက် ၀မြို့ပေါ်အခြေစိုက် ခလရ (၂၃၂) မှ စစ်ကြောင်းမှူး ဗိုလ်ကြီး သန့်ဇင် ကျော်နှင့် အဖွဲ့သည် ည ၇း၃၀ နာရီတွင် ရွာတွင်းသို့ ရုတ်တရက်ဝင်ရောက်ပြီး အုပ်စု ဥက္ကဌ ဦး ကံကြီး အောင်ကို ကန်ကျောက်ခဲ့ခြင်းဖြစ်သည်။
” စစ်တပ်တွေ ည ၇း၃၀ ခန့်မှာ ရွာထဲ ၀င်လာပြီး စစ်ကြောင်းမှူးက အုပ်စု ဥက္ကဌကို ဘာမှ မပြောမဆိုပဲ ခြေ ထောက် နဲ့သုံးကြိမ်လောက် ကန်ကျောက်ခဲ့တယ်၊ စိတ်နာ စရာပါပဲ” ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။
အဆိုပါ ရွာခင်းခေါ် ခူမီးချင်းရိုးရာ ဓလေ့ ထုံးစံအရ ပွဲတော်ကျင်းပစဉ်တွင် ပြင်ပပုဂ္ဂိုလ် မည်သူမဆို ရွာတွင်း ၀င်ခွင့် မပြုကြောင်း၊ ရွာတွင်း ၀င် မိပါက ပွဲတော် ကုန်ကျ စရိတ်အားလုံးပေးလျော်ရမှာဖြစ်ပြီး အဆိုပါ ဓလေ့ ထုံးတမ်းကို ချိုး ဖောက် မိပါက တရွာလုံးအတွက် လဒ် လာဘ ပိတ်သည်ဟု အယူရှိကြသည်။
” ရွာခင်းပွဲတော်ကျင်းပစဉ် ရွာနီးချုပ်စပ်အားလုံးကို အကြောင်းကြားထားတယ်၊ အစိုးရ စစ်တပ်ကိုလည်း သတင်း ပို့ထားတဲ့ အပြင် ရွာ အ၀င်မှာလည်း အမှတ် သင်္ကေ တ တွေ ကပ်ပေးထားတယ်၊ စစ်တပ် က အဲဒါကို မထီ မဲ့မြင် ပြု တာပဲ၊ ဒါတင်မကဘူး။ အစိုးစစ်တပ်ဟာ ကျေးရွာလူထုအား တည နှစ်ဦး နှုန်းနဲ့ နေ့စဉ် ကင်းစောင့် ခိုင်း ခဲ့ သေးတယ် ” ဟု ပလက်ဝမြို့မှ ကို ကျော် အောင် က ပြောသည်။
ယခုလပိုင်းများတွင် ရခိုင်လက်နက်ကိုင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်( ALA) သည် ဒေသအတွင်း ဆက်ကြေး ကောက် ခံခဲ့ကြသည်ကို အစိုးရတပ်များသည် နယ်မြေ လုံခြုံရေးအတွက် နယ်လှည့်ခဲ့ကြရာမှ ကွမ်းချောင်းဝရွာသို့ ၀င်ရောက် ခြင်းဖြစ်သည်ဟု သိရသည်။
နှစ်စဉ်ဇူလိုင်လအတွင်း ကျင်းပလေ့ရှိသည့် ခူမီး ချင်းတို့၏ ရွာခင်းပွဲတော်သည် ရွာသူရွာသားများ စီးပွားရေ၊ ကျန်းမာ ရေးတိုး တက် ကောင်းမွန်ရေး အတွက်ရည်စူး လျက် ရွာစောင့်နတ်ထံ ပူဇော်ပသပြီး ကောင်းချီးတောင်းခံသည့် ပွဲ တော်ဖြစ်သည်။
ယခင် မဆလ အုပ်ချုပ်ရေးကာလ ၁၉၈၃ – ၈၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ရွာခင်းပွဲတော် ကျင်းပရန် ဘတ်ဂျက် ငွေ များ ထောက်ပံ့ခဲ့ ကြရာ အဆိုပါ ဘတ်ဂျက်ငွေဖြင့် လက်ရှိ ပလက်ဝ မြို့ပေါ် ရှိ ကီမို ခန်းမဆောင်ကို ဆောက် လုပ်ခဲ့ကြသည်။
Khonumthung News Group.
http://www.khonumthungburmese.org/?p=3843

No comments:
Post a Comment