၃ နှစ်အတွင်း ထီပေါက်ပြီး လာမထုတ်သည့်ငွေ ကျပ်ငွေ ၇ ဘီလီယံနီးပါးရှိ
29 July 2014 15:50(+0630) (၁ ရက် ခန့်က)
ဇူလိုင် ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်း ပြောဆိုခဲ့ တာ ဖြစ်ပြီး ခုလို ဆုငွေ လာမထုတ်တဲ့ ငွေပမာ ဏဟာ ၃ နှစ်အတွင်း ကျပ်ငွေ ၇ ဘီလီယံအထိ ရှိခဲ့တယ်လို့ ရှင်းပြ ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဆုငွေ ထုတ်ပြန် ကြေညာပြီး ၁၁ လကြာသည်အထိ လာမထုတ်တဲ့ ထီပေါက်ဂဏန်းတွေကို သတင်းစာကနေ ကြေညာခေါ်ယူခဲ့တဲ့အကြောင်း၊ ကြေညာပေမယ့် လာရောက် မထုတ်ယူတာတွေကိုပဲ သိမ်းဆည်းတာ ဖြစ်ကြောင်း သူက ဆိုပါတယ်။
လာမယ့် သြဂုတ်လက စပြီး အောင်ဘာလေသိန်းဆုဌာနအနေနဲ့ ထီလက်မှတ် ဘယ်လောက် ထုတ်ဝေထားတယ်၊ ဆု ဘယ်လောက် ချီးမြှင့်မယ် ဆိုတာတွေကို အရင်ခေတ်က အတိုင်း အသေးစိတ် ပြန်ကြေညာပေးသွားမယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/61221

No comments:
Post a Comment