မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို
30 July 2014 07:31(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
၂၀၁၀ ပြည့်နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ညီလာခံအတွင်း ကမ္ဘာပေါ်မှာ ကျားအကောင်ရေ ၃၂၀၀ လောက်သာ ကျန်ရှိတော့မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ကျားတွေ မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ အနေအထားကြောင့် ၂၀၂၂ ခုနှစ်မှာ ကျားအကောင်ရေ နှစ်ဆဖြစ်တဲ့ ၆၀၀၀ ကျော်ရှိလာအောင် လုပ်ဆောင်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၀၁၀ ညီလာခံ နောက်ပိုင်းမှာ ကျားအကောင်ပေါင်း ဘယ်လောက်ရှိသလဲဆိုတာကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့က ပုံမှန် လုပ်ဆောင်လာတဲ့အတွက် ထိန်းသိမ်းရေးမှာ အထောက်အကူဖြစ်စေတယ်လို့ WWF အဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အချက်အလက် ပြုစုထားတဲ့ မှတ်တမ်းတွေ မရှိတဲ့အတွက် ကျားအကောင်ရေ ထိန်းသိမ်းရေးအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီနိုင်ငံတွေမှာ တစ်နှစ်အတွင်း စနစ်ကျတဲ့ အချက်အလက် မှတ်တမ်းတွေကို ပြုစုဖို့လည်း Tiger Day ကျားများနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အပျော်သဘောနဲ့ အမဲလိုက်တဲ့သူတွေ၊ ငွေကြေးအတွက် အမဲလိုက်သူတွေနဲ့ မြို့ပြချဲ့ထွင်မှု တွေကြောင့် ကျားရိုင်း အကောင်ရေတွေ တဖြေးဖြေး လျော့နည်း လာတာ ဖြစ်ကြောင်း လည်း ယူဆနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-30/1349918

No comments:
Post a Comment